ဆောင်းပါးများ....

လူမှုရေး..စီးပွားရေး..ပညာရေးစတဲ့နယ်ပယ်အသီးသီးအတွက်စာပေလောကမှ ဆောင်းပါး၊ပညာပေး တို့ကိုသူငယ်ချင်းတွေဆီကို ဖြန့်ဝေပေးနိုင်အောင် ကြိုးစားထားတဲ့ နေရာလေးပါ......

4.3.10

စင်ကာပူသို့......(၁)White Card ( Arrival Card - Singapore )

ဒီအပါတ်အင်္ဂလိပ်စာနဲ့ပတ်သက်လို့ ပညာပေးရေးချင်တာကတော့ နိုင်ငံခြားကို ပထမဆုံးအကြိမ် သွားမယ့် မြန်မာလူငယ်တွေ ဗဟုသုတရစေဖို့ လေယာဉ်ပေါ်မှာ အရိုက်ဘယ်ကဒ် (arrival card)
ဘယ်လိုဖြည့်ရမယ်ဆိုတာ ပြောချင်ပါတယ်။ ဒီကဒ်တွေဟာ
တစ်နိုင်ငံနဲ့တစ်နိုင်ငံမတူပါဘူး။ အခြေခံ သဘောတရားတူပေမယ့်လို့ နည်းနည်းလေးတွေ ကွဲပြားပါတယ်။ ဒါကြောင့် မြန်မာလူငယ်တွေ အသွား အလာများတဲ့
ထိုင်း၊ စင်္ကာပူ၊ မလေးရှား အရိုက်ဘယ်ကဒ်လေးတွေအကြောင်းကို တစ်နိုင်ငံစီ
ရှင်းပြသွား ရင်းနဲ့ အင်္ဂလိပ်စာ ပညာပေးရေးလိုက်ချင်ပါတယ်။

စင်္ကာပူကဒ်

စင်္ကာပူကဒ်ကတော့ အရိုက်ဘယ်ကဒ်လို့ ရေးမထားပါဘူး။ စင်္ကာပူအီမီဂရေးရှင်းကတော့ အဖြူ ရောင်ဝှိုက်ကဒ် (white card) လို့ပဲ ပြောကြပါတယ်။ စင်္ကာပူကဒ်ပေါ်မှာ ရေးထားတာတွေကို တစ်လိုင်းစီ
ရှင်းပြသွားပါမယ်။ ပထမဆုံးစာမျက်နှာက စပြောပါမယ်။

ပထမစာမျက်နှာ

  • Republic of Singapore (စင်္ကာပူသမ္မတနိုင်ငံ)
    - Republic ရီပါတ်ပလစ် ဆိုတာက ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ သမ္မတ၊ ဝန်ကြီးချုပ်တို့ အုပ်ချုပ်တဲ့ နိုင်ငံကို ပြောတာပါ။ ဘုရင်က အုပ်ချုပ်တဲ့
    နိုင်ငံဆိုရင်ကင်းဒမ် Kingdom လို့ ခေါ်ရပါမယ်။
  • Disembarkation / Embarkation form for visitors
    စင်္ကာပူနိုင်ငံကို လာတဲ့ ဧည့်သည်တွေ လေယာဉ်အတတ်အဆင်း ဖြည့်ရမယ့်ပုံစံ။
    -Embark အင်ဘာ(က်)ဆိုတာက လေယာဉ်ပေါ်ကိုတတ်တာကို ပြောတာပါ။ သင်္ဘော၊ရထားလိုဟာပေါ်တတ်တာကိုလည်း အင်ဘာ(က်)လို့ ပြောလို့ရပါတယ်။
    -Disembark ဒစ်(စ်)အင်ဘာ(က်) ဆိုတာက ဆင်းတာပါ။ လေယာဉ်ရထား သင်္ဘောပေါ်ကဆင်းတာကို ပြောတာ။
  • Welcome to Singapore
    စင်္ကာပူနိုင်ငံမှ ကြိုဆိုပါတယ်။
  • Immigration Act (Chapter 133)
    လူဝင်မှုကြီးကြပ်ရေး ဥပဒေ (အပိုက် ၁၃၃)
    -Immigration အီမီဂရေးရှင်းဆိုတာက နိုင်ငံတစ်နိုင်ငံသို့ လာရောက်ခြင်းလို့ အဓိပ္ပါယ်
    ရပါတယ်။ မြန်မာလို ဘာသာပြန်ထားတာကတော့ လူဝင်မှုကြီးကြပ်ရေးပေါ့။
    -Act အက်(တ်) ဆိုတာက ပြဌာန်းထားတဲ့ ဥပဒေကိုပြောတာပါ။
  • Immigration Regulations
    Regulations 32 (2)
    လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားချက် ၃၂ (၂)
    Regulations ရယ်ဂူလေးရှင်း ဆိုတာက စည်းကမ်းညွှန်ကြားချက်၊ ကန့်သတ်ချက်လို့ အဓိပ္ပါယ်ရပါတယ်။
  • This form is issued free of charge
    ဤပုံစံသည် အခမဲ့ ထုတ်ဝေပေးပါသည်။
    - form ဖွန်(မ်) – ပုံစံ
    - issue အစ်ရှူး ထုတ်ပေးတာ
    - free of charge ဖရီးအော့်(ဖ်) ချာ(ခ်ျ) အလကား၊ အခမဲ့ အတို အက်ဖ်အိုစီ FOC လို့လည်း ပြောကြတယ်။
    -charge ချာ(ခ်ျ) ပိုက်ဆံတောင်းသည်။ အခကြေးငွေ။

ဒုတိယ စာမျက်နှာ

  • Instructions
    ညွှန်ကြားချက်များ
    -Instruct အင်စထရပ်(တ်) – ညွှန်ကြားသည်။
  1. A Disembarkation / Embarkation Form must be completed by all visitors including one for each child
    လေယာဉ် အတက်အဆင်းပုံစံ ကို ကလေးများအပါအဝင် ခရီးသည်တိုင်း တစ်ယောက်လျှင် တစ်ခုဖြည့်ရပါမည်။
    -Complete ကွန်ပလိ(တ်) ဆိုတာ ဒီနေရာမှာပုံစံဖြည့်တာကို ပြောတာပါ။
    Write the required information on a form လို့ အဓိပ္ပါယ်ဖွင့်ထားပါတယ်။ ပုံစံ form တစ်ခုပေါ်မှာ လိုအပ်တဲ့ အချက်အလက်တွေကို ဖြည့်ပေးတာကို
    ကွန်ပလိ(တ်)လို့ ခေါ်ရမှာပါ။
    Please complete the form ဆိုရင် ကျေးဇူးပြုပြီး ပုံစံကို ဖြည့်ပေးပါလို့ ပြောတာပါ။ fill လို့ မသုံးပါဘူး။
  2. Please complete form legibly in BLOCK LETTERS (one letter per box) and use only Black or Blue ink.
    ပုံစံကို စာလုံးကြီးများနှင့် ရှင်းရှင်းလင်းလင်း ဖတ်လို့ ရအောင် ရေးပြီး တစ်ကွက်မှာ အက္ခရာ တစ်လုံးဖြည့်ပါ။ မှင်အမဲ သို့မဟုတ် အပြာကိုပဲ
    သုံးပါ။
    -Legibly လဲဂျီဗလီးဆိုတာ ရှင်းရှင်းလင်းလင်း ဖတ်လို့ရအောင်
    -Legible လဲဂျီဘဲလ် clear enough to read ဖတ်လို့ရအောင် ရှင်းနေအောင် ရေးထားတာ။
    -Letter အက္ခရာ (က၊ ခ စတဲ့ အက္ခရာတွေကို လက်တာလို့ခေါ်ရမှာပါ)။
    -Block Letters စာလုံးအကြီးများဖြင့်ရေးပါ။ Capital Letter တွေကိုပြောတာပါ။
    ဒီနေရာမှာ ကြုံလို့ တဆက်ထဲပြောရမယ်ဆိုရင် ဘယ်ပုံစံမှာမဆို Please Print
    လို့ ရေးထားရင် print ဆိုတာ စာလုံးအကြီးနဲ့BLOCKED LETTER နဲ့ ရေးပါလို့
    ပြောတယ်ဆိုတာ မှတ်သားထား ပါ။မှင်အနီ၊ အစိမ်းတွေနဲ့ မဖြည့်ရပါ။ မှင်အမဲ
    ဒါမှမဟုတ် အပြာနဲ့ပဲ ရေးရမှာပါ။
  3. Visitors are advised to check passports/travel documents for immigration and endorsements before they leave the check point.
    ခရီးသည်များဟာ မိမိရဲ့ ပါတ်(စ်)ပို့ ဒါမှမဟုတ် ခရီးသွားအထောက်အထား စာရွက်စာတန်း တွေပေါ်မှာ လူဝင်မှုကြီးကြပ်ရေးစစ်ဌာနက ဘာရေးပေးလိုက်တယ်ဆိုတာ
    စစ်ဆေးရေး ကောင်တာက မထွက်ခင် သေချာကြည့်သွားကြပါ။
    -adviceအက်(ဒ်)ဗိုက် (စ်) ဒီနေရာမှာ အကြံဥာဏ်ပေးတာလို့ ပြောတာမဟုတ်ပါဘူး။ အကြောင်းကြားတယ်၊ ပြောလိုက်တယ်လို့ အဓိပ္ပါယ် ရပါတယ်။
    -Document ဒေါ့ကူမင့် ဆိုတာက စာရွက်စာတမ်း၊ တရားဝင်မှတ်တမ်း အထောက်အထားကို ပြောတာပါ။
    တချို့လူတွေရောက်တော့ တစ်ခါတလေ အကြောင်းကြောင်းကြောင့် ပါတ်စပို့ပါမလာပဲ
    ခရီးသွား အထောက်အထား လက်မှတ်ပဲ ပါလာတာပါ။ အဲဒါကို (travel document) လို့
    ခေါ်ပါတယ်။
    - Endorsement အင်ဒေါ့(စ်)မင့်ဒီနေရာမှာ စာရွက်ပေါ်မှာ မှတ်ချက်ရေးပေးတာကို ပြောတာပါ။ (ထောက်ခံတယ်၊ သဘောတူတယ်လို့လည်း အဓိပ္ပါယ်
    ရပါသေးတယ်)။
ဒီစာပိုဒ်ရဲ့ အဓိပ္ပါယ်ကတော့ ခရီးသည်တွေ
အီမီဂရေးရှင်းကောင်တာက ထွက်မသွားခင်မှာ ကိုယ့် ပါတ်စပို့ ပေါ်မှာ
ဗီဇာဘယ်လောက်ရတယ်ဆိုတာ ထုတ်ပေးလိုက်တယ် ဆိုတာကို ဖတ်သွားပါတဲ့။
တစ်ယောက်နဲ့ တစ်ယောက် ဗီဇာပေးတာ မတူပါဘူး။ တချို့ကို (၂)ပတ် ထုတယ်။
တချို့ရောက်တော့ (၁)လ ထုတယ်။ အဲဒါကြောင့် ကိုယ့်ကို နေထိုင်ခွင့် ဗီဇာ
ဘယ်လောက်ပေးလိုက်တယ်ဆိုတာ ဖတ်ပြီးမှ အီမီဂရေးရှင်းကောင်တာက ထွက်ပါတဲ့။
ဆိုလိုတာက ကိုယ့်ကို ပေးတဲ့ ဗီဇာကို မကျေနပ်ဘူးဆိုရင် ပြန်ပြောနိုင်
ဆိုနိုင်အောင်ပါ။ တစ်ပတ်ထဲ ထုလိုက်ရင် မဟုတ်ဘူး ငါ (၂)ပတ်နေမှာ တိုးပေး
အဲလို ပြောနိုင်အောင်ပါ။



Ref: http://forverfriends.ning.com/profiles/blogs/white-card-arrival-card

Posted by Tay Zar

0 comments:

Post a Comment

မေ့သွားမှာ စိုးလို့  မှတ်ထားတဲ့ link လေးတွေ...

image တွေ host တင်ဖို့..........
gift file လေးတွေ...

ဒီကမ္ဘာပေါ် မှာ သင်ဘယ်လောက်နေပြီးသွားပြီ ဆိုတာကိုသိချင်လား။။
http://www.geocities.com/devpragad/agecalc.htm

ရောမ ရောက်တော့ ရောမလိုကျင့်ပေါ့ စလုံး ရောက်တော့ စလုံးလို သိဖို့လိုပရင် ဒီမှာ The Coxford Singlish Dictionary link..
http://www.talkingcock.com/html/lexec.php?op=LexView&lexicon=lexicon&alpha=B&page=1


html...........http://oreilly.com/catalog/9780596002237/toc.html


အီးဘုတ်တွေ အီးဘုတ်တွေ http://b213.net/

သတိပေးတားမြစ်ခြင်း......

ငါးများအားအစားကျွေးရာတွင် အလွန်အကျွံမကျွေးမိစေရန် သတိပေးတားမြစ်အပ်ပါသည်.....အလွန်အကျွံအစာများကျွေးပါက ငါးများ၏ ကြီးထွားနှုန်းမြင့်မားလာ၍ ဘလော့ခ် ၌နေရာအခက်အခဲများပေါ်ပေါက်နိုင်သောကြောင့်ဖြစ်သည်၊

ပုံ၊ ငရဲမီး (ဘာညာသာလကာ)