စင်္ကာပူသွားတဲ့ လေယာဉ်ပေါ်မှာ အစားအသောက်တွေ ကျွေးမွေးပြီးတာနဲ့ လေယာဉ်မယ်လေး တွေက စင်္ကာပူလေဆိပ်အဝင်မှာ ပြရမဲ့ကဒ်လေးတွေကို လိုက်ဝေပါတယ်။ ကိုယ်က စင်္ကာပူလေဆိပ်ထဲ မှာ နားပြီး
နောက်တစ်နိုင်ငံကို ခရီးဆက်ရမယ်ဆိုရင် ဒီကဒ်လေးတွေ ယူစရာ၊ ဖြည့်စရာ
မလိုပါဘူး။ ဥပမာ မြန်မာပြည်ကနေ မလေးရှားကို အလုပ်သွားမယ့်
မြန်မာလူငယ်လေးတွေ စင်္ကာပူကနေတစ်ဆင့် မလေးရှားကို သွားမယ်ဆိုပါစို့။
စင်္ကာပူလေဆိပ်ထဲမှာ နားမယ်၊ ပြီးမှ မလေးကို လေယာဉ်နဲ့ ခရီးဆက်မယ်ဆိုရင်
အဲလိုခရီးသည်တွေကို တရန်စစ်ပါဆင်ဂျာ (transit passenger)လို့ခေါ်ပါတယ်။
ဒီလို ခရီးသွားတာနဲ့ပတ်သက်လို့ ထရန်စစ် transit ဆိုတာကို
အဓိပ္ပါယ်ဖွင့်ရမယ်ဆိုရင်တော့ the act of going through a place on the way
to somewhere else. တဲ့။ ဆိုလိုတာက တစ်နေရာရာသွားရင်းနဲ့
ကြားကနေရာတစ်ခုကို ဖြတ်သွားတာကို ထရန်စစ်လို့ခေါ်တာပါပေါ့။ ရန်ကုန်ကနေ
မလေးရှားကို သွားရင်းနဲ့ စင်္ကာပူကို ဖြတ်သွားမယ်ဆိုရင် စင်္ကာပူကို ဖြတ်တာဟာ
ထရန်စစ်ပေါ့။ ထရန်စစ်ပါဆင်ဂျာဆိုရင် ဖြတ်သွားတဲ့ ခရီးသည်ပေါ့။
ထရန်စစ်လော့(ခ်ျ) (transit lounge) ဆိုရင် လေဆိပ်ထဲမှာ ဖြတ်သွားရင်း
ခရီးသည်တွေ နားနေရာအခန်းလို့ အဓိပ္ပါယ်ရပါမယ်။
အခု ဘန်ကောက်က သုဝဏ္ဏဘုမ္မိလေဆိပ်အသစ်ကြီးရဲ့ ပထမထပ်ကို တက်လိုက်မယ်ဆိုရင် economy passengers transit lounge ဆိုတာ တွေ့ရပါမယ်။ ဆိုလိုတာ ရိုးရိုးတန်း
ဖြတ်သွားခရီးသည်များ နားနေရာအခန်းပေါ့။ ရန်ကုန်ကနေ ဘန်ကောက်ကိုဖြတ်ပြီး
ဂျပန်ကို သွားမယ့်ခရီးသည်ဟာ ရိုးရိုးတန်း economy နဲ့ စီးလာတယ်ဆိုရင်
ထရန်စစ်ပါဆင်ဂျာဖြစ်နေလို့ အဲဒီအခန်းအထဲမှာ နားလို့ ရပါတယ်။ အဲဒီလို
စင်္ကာပူလေဆိပ်မှာ ခဏပဲဆင်းတဲ့ ထရန်စစ်သမားတွေဟာ စင်္ကာပူကဒ်ကို
ဖြည့်ဖို့မလိုပါဘူး ဆိုတာ ထပ်ပြောပါရစေ။ ကိုယ်က
စင်္ကာပူကိုပဲသွားတာဆိုရင်တော့ ကိုယ်က စင်္ကာပူကိုရောက်မယ့် အရိုက်ဗယ်ပါဆင်ဂျာ
(Arrival Passenger)ဖြစ်တယ်။ အဲတော့ ဒီ စင်္ကာပူကဒ် မပါပဲ စင်္ကာပူကို
ဝင်လို့မရပါဘူး။ ဒါကြောင့် စင်္ကာပူကို သွားတယ်ဆိုရင် လေယာဉ်ပေါ်မှာ
လေယာဉ်မယ်လေး တွေဆီကနေ စင်္ကာပူကဒ်ကို ယူရပါမယ်။ စင်္ကာပူကဒ်က
သုံးခေါက်ချိုးလေးပါ။ အပြင်စာမျက်နှာမှာပါတဲ့ စာတွေအကြောင်းကို
ပြီးခဲ့တဲ့လက ရေးပြီး ရှင်းပြပြီးပါပြီ။ အဲဒီကဒ်လေးကို လှန်လိုက်ရင်
အတွင်းသုံးခေါက်ချိုး စာမျက်နှာပေါ်မှာ အပိုင်း (၃)ပိုင်း ပါပါတယ်။ အခုလမှာ
အဲဒီ အပိုင်းတစ်ခုစီမှာ ပါတဲ့အကွက်လေးတွေထဲမှာ ဘယ်လိုဖြည့်ရမယ်ဆိုတာ
ရှင်းပြသွားမယ်။
ပထမပိုင်း
ပထမလိုင်း
Full name as it appears in passport/ travel document (BLOCK LETTERS)
လို့ ရေးထားပါတယ်။ ဆိုလိုတာ မင်းရဲ့ ပါတ်စ်ပို့ပေါ်မှာပါတဲ့ နာမည်အတိုင်း အပြည့်အစုံဖြည့်ပါတဲ့။ BLOCK LETTERဆိုတာကတော့ ဖြည့်ရင်
စာလုံးကြီးတွေနဲ့ပဲ ဖြည့်ပါတဲ့။ အကွက်လေးတွေမှာ တစ်ကွက်ကို အက္ခရာတစ်လုံး
ဖြည့်ရမှာပါ။ နာမည်တစ်လုံးနဲ့တစ်လုံးကြားမှာ တစ်ကွက်ခြားပါ။ ဥပမာ
ပါတ်စ်ပို့ပေါ်မှာ ကိုယ့်နာမည်က စောစန္ဒာလို့ ရေးထားရင် SAW SANDAR
လို့စာလုံးကြီးတွေနဲ့ တစ်ကွက်ကို တစ်လုံးဖြည့်ပြီး SAW နဲ SANDAR ကြားမှာ
တစ်ကွက်ခြားပေးရမှာပါ။
ပြီးတော့ ဘေးကအကွက်လေးမှာ
SEX ဆိုပြီး ပါပါတယ်။ SEX ဆိုတာ ကျား၊ မ ကို ပြောတာပါ။
မေးလ် male ဆိုတာက ယောက်ျား၊ ဖီးမေးလ် female ဆိုတာက မိန်းမပါ။ ပါတ်စ်ပို့ဖြည့်တာတင်မကဘူး၊ အိမ်သာမှာ ပြောပြော၊ ဘယ်နားမှာပြောပြော မေးလ်ဆိုတာ ကျား၊ ဖီးမေးလ်ဆိုတာ မ ဆိုတာကို သိထားရမယ်၊
မှတ်ထားရမယ်။ အဲတော့ SAW SANDAR ဟာ မိန်းမဆိုတော့ ဖီးမေးလ်အကွက်လေးထဲမှာ
√လို့ ခြစ်လိုက်။
ဒုတိယလိုင်း
Passport Number မှာတော့ ပါတ်စ်ပို့နံပါတ်လို့ ရေးထားတာဟာ တစ်ကွက်ကို ကဏန်း တစ်ခုစီ ဖြည့်ရမှာပါ။ ဥပမာ ပါတ်စ်ပို့နံပါတ်က ၇၈၆၂၁ လို့ပါရင် ကဏန်းတစ်ခုစီ တစ်ကွက်စီ
ဖြည့်လိုက်ပါ။
တတိယလိုင်း
• ပထမအကွက် Place of Issue ပါတ်စ်ပို့ထုတ်ပေးရာနေရာလို့ ဆိုလိုတာပါ။ အစ်ရှူး (Issue) ဆိုတာက ထုတ်ပေးတာပါ။ အဲတော့ ပါတ်စ်ပို့က ရန်ကုန်မှာ ထုတ်ပေးတာဆိုတော့
အဲဒီအကွက်မှာ YANGON လို့ ဖြည့်ရပါမယ်။
• ဒုတိယအကွက် Date of Expiry လို့ ရေးထားပါတယ်။ အိတ်(တ်)ပိုင်းရာ Expire ဆိုတာက ကုန်ဆုံးတာ၊
သေတာလို့လည်း အဓိပ္ပါယ်ရပါသေးတယ်။ အိတ်စ်ပိုင်ရာရီ (Expire) ဆိုတာက
ကုန်ဆုံးခြင်းပေါ့။ ဒိတ်အော့အိတ်စ်ပိုင်ရာရီဆိုတာက ပါတ်စ်ပို့သက်တမ်း
ကုန်ဆုံးတဲ့ရက်ကို ဖြည့်ရမှာပါ။ ကိုယ့်ရဲ့ပါတ်စ်ပို့ ဓါတ်ပုံဘေးနားမှာ
ကိုယ့်ရဲ့ မြန်မာပါတ်စ်ပို့ဟာ ဘယ်နေ့ရက် ကုန်ဆုံး တယ်ဆိုတဲ့ ဒိတ်ပါပါမယ်။
ကိုယ့်ပါတ်စ်ပို့က ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာ (၁၆)ရက်နေ့မှာ ကုန်မယ်ဆိုရင်
ဒီအကွက် အောက်မှာ ၁၂.၁၂.၂ဝဝ၉ လို့ ဖြည့်ရပါမယ်။
• တတိယအကွက် Country of Birth ကန်းထရီးအော့(ပ်)ဘာ့(သ်)
ဘာ့(သ်)Birth ဆိုတာ မွေးဖွားတာပေါ့။ မွေးဖွားရာနိုင်ငံကို ဖြည့်ရမှာပါ။ အဲတော့ MYANMAR လို ဖြည့်လိုက်ပါ။
စတုတ္ထလိုင်း
Date of Birth (DD-MM-YYYY)လို့ ရေးထားတာ တွေ့ရပါတယ်။ မွေးဖွားတဲ့ ရက်စွဲဒိတ်ပေါ့။ ဖြည့်ရမယ့် နည်းစနစ်က နေ့DD အရင်ဆုံး ပြီးတော့ လက M နောက်ဆုံးမှ နှစ် Y ကို
လေးလုံးအပြည့်ဖြည့်ရမှာပါ။ ဘာလို့ ဒီလို ဒိတ် ဘယ်လိုဖြည့်ရမလဲလို့
ရေးထားသလဲဆိုတော့ အမေရိကန်ရဲ့ ဒိတ်ရေးနည်းက လ၊ အရင်ဆုံးက MMပီးတော့မှ ရက်
DD နောက်ဆုံးမှ နှစ်YYYY ကို ဖြည့်ပါတယ်။ ကျွန်တော်တို့ စင်္ကာပူကဒ်မှာ
ကတော့ ရက်၊ လ၊ နှစ် ဆိုတဲ့ အစီအစဉ်အတိုင်း ဖြည့်ရမှာပါ။ ကိုယ့်မွေးရက်က
၁၉၇၄ ခုနှစ် ဖေဖေါ်ဝါရီလ (၂၂)ရက် ဆိုရင် ၂၂-ဝ၂-၁၉၇၄ လို တစ်ကွက်ကို
ကဏန်းတစ်လုံးဖြည့်ရမှာပါ။
ပဉ္စမလိုင်း
• Nationality နယ်ရှင်နယ်လတီ လို့ တွေ့ရပါလိမ့်မယ်။ နိုင်ငံသားကို ပြောတာပါ။ နိုင်ငံကို နေးရှင်း (nation) လို့ အသံထွက်ပေမယ့်လို့ နိုင်ငံသား Nationality ရောက်တော့
နေရှင်နယ်လတီလို့ အသံမထွက်ရပါဘူး။ နယ်ရှင်နယ်လတီလို့ပဲ ခေါ်ရပါမယ်။
မြန်မာနိုင်ငံသားဆိုတော့ MYANMAR လို့ပဲဖြည့်လိုက်ပေါ့။
ဆဌမလိုင်း
Identity Card Number (for malaysian Only)
မှတ်ပုံတင်နံပါတ် (မလေးရှားနိုင်ငံသားများသာ)တဲ့ ဖြည့်ဖို့ မလိုပါဘူး။
သတ္တမလိုင်း
• ပထမကွက် Flight No/Vassel Name/Vehicle No.
-Flight No. ဖလိုက်နံပါတ်၊ ကိုယ်စီးလာတဲ့ လေယာဉ်ရဲ့ခရီးစဉ်အမှတ်ပေါ့။ လေယာဉ်လက်မှတ် နဲ့ ဘို့ဒ်ဒင်းပါတ်စ်တွေပေါ်မှာ ပါပါတယ်။ ဖလိုက်နံပါတ်ကို ကြည့်လိုက်ရင်
ဘာလေယာဉ်ဆိုတာ တန်းသိရမှာပါ။ အပြည်ပြည်ဆိုင်ရာ သတ်မှတ်ချက်တွေ ရှိပါတယ်။
ထိုင်းလေယာဉ်ဆိုရင် TG၊ စင်္ကာပူ လေကြောင်းဆိုရင် SQ၊
မလေးရှားလေယာဉ်ဆိုရင် MH ၊ မြန်မာ့လေကြောင်းဆိုရင် UB ဆစ်(လ်)အဲယား ၊
Silk Air ဆိုရင် MI ပေါ့။ ကိုယ်က စင်္ကာပူကို Silk Air လေယာဉ်နဲ့သွားတယ်၊
ဖလိုက် နံပါတ်က MI 515 ဆိုရင် အဲဒီအတိုင်းပဲ ဖြည့်လိုက်ပေါ့။
- Vessel Name ဗက်ဆဲလ်နိမ်း ဆိုတာက သင်္ဘောအမည်ပေါ့။ ဗက်ဆဲလ်ဆိုတာ သင်္ဘောကို ပြောတာ၊ ကိုယ်နဲ့မဆိုင်ဘူး။
-Vehicle No. ဗဟီကယ်လ်နံပါတ်။
ဗဟီကယ်လ်ဆိုတာ စီးလာတဲ့ ယာဉ်ပေါ့။ ကားကို ပြောတာပါ။ ကားနံပါတ်ဖြည့်ရမှာပါ။
ဒီကဒ်ဟာ လေယာဉ်၊ သင်္ဘော၊ ကား ဘာနဲ့လာလာ၊ လာတဲ့သူအားလုံးအတွက် လုပ်ပေးတာပါ။
ကိုယ်ကတော့ လေယာဉ်နဲ့ပဲလာတာဆိုတော့ လေယာဉ်ခရီးစဉ်အမှတ် ဖလိုက်နံပါတ်ကိုပဲ ဖြည့် ရမှာပါ။
• ဒုတိယအကွက် "For Office Use Only"
ရုံးမှဖြည့်ရန်တဲ့။ အဲဒီအကွက်တွေမှာ ကိုယ်ဘာမှ သွားမဖြည့်ပါနဲ့။
မှတ်သားဖို့ရာ
-Transit ခဏဖြတ်သွားတာ။
-Lounge နားနေရာအခန်း
-Issue အစ်ရှူးထုတ်ပေးသည်
-Birth မွေးဖွားခြင်း
-Nation နေးရှင်း- လူမျိုး
-National နယ်ရှင်နယ် (နေရှင်နယ် မဟုတ်ပါ။)
-Vessel သင်္ဘော
Refer to :http://forverfriends.ning.com/profiles/blogs/2863689:BlogPost:536323
0 comments:
Post a Comment