ဆောင်းပါးများ....

လူမှုရေး..စီးပွားရေး..ပညာရေးစတဲ့နယ်ပယ်အသီးသီးအတွက်စာပေလောကမှ ဆောင်းပါး၊ပညာပေး တို့ကိုသူငယ်ချင်းတွေဆီကို ဖြန့်ဝေပေးနိုင်အောင် ကြိုးစားထားတဲ့ နေရာလေးပါ......

12.3.09

ငါ ပြန်မလာနိုင်ခဲ့ဘူး

ဟိုတစ်နေ့က ငါ နင့်ကိုသေချာကြည့်ပြီး ပြုံးပြခဲ့တယ်
နင်မြင်မယ်လို့ ထင်ခဲ့ပေမယ့် မမြင်ခဲ့ဘူး
"ငါ့နင့်ကို ချစ်တယ်" လို့ပြောပြီး နင်ဘာပြန်ပြောမလဲ ငါစောင့်နေခဲ့တယ်
နင်ကြားမယ်လို့ ထင်ခဲ့ပေမယ့်၊ နင်မကြားခဲ့ဘူး
ငါ့နဲ့အတူ ဆော့ကစားဖို့ နင့်ကိုခေါ်ခဲ့ဖူးတယ်
နင်လိုက်လာမယ် ထင်ခဲ့ပေမယ့်၊ နင်ကတော့ ပါမလာခဲ့ဘူး
နင်တစ်ယောက်ထဲအတွက်ပဲ ငါပန်ချီကားတစ်ချပ် ဆွဲပေးခဲ့ဖူးတယ်
နင်မြတ်မြတ်နိုးနိုး သိမ်းထားမယ်လို့ ထင်ခဲ့ပေမယ့်၊ နင်မလုပ်ခဲ့ဘူး
တောအုပ်က အပြန်မှာ နားနေဖို့ ခံတပ်တစ်ခု ငါဆောက်ခဲ့တယ်
နင် ငါနဲ့အတူ စခန်းချနေမယ် ထင်ခဲ့ပေမယ့်၊ နင်မနေခဲ့ဘူး
ငါတို့ငါးမျှားထွက်ရင် အသုံးပြုဖို့ တီကောင်တွေ ငါရှာဖွေခဲ့တယ်
ငါနဲ့အတူ နင်လိုက်ချင်မယ် ထင်ခဲ့ပေမယ့်၊ နင်မလိုက်ခဲ့ဘူး

ငါ့ရဲ့အတွေးတွေကို နင့်ကိုပြောပြပြီး ငါနဲ့အတူ နင့်ကိုမျှဝေခံစားစေချင်ခဲ့တယ်
နင်နားထောင်ချင်မယ် ထင်ခဲ့ပေမယ့်၊ နင်နားမထောင်ခဲ့ဘူး
နင်သေချာပေါက်ကြိုက်ပြီး နင်လည်းရှိနေလိမ့်မယ်လို့ထင်တဲ့
ကစားပွဲတစ်ခုအကြောာင်း ငါပြောခဲ့တယ်
နင်လာမယ်ထင်ခဲ့ပေမယ့်၊ မလာခဲ့ဘူး
ငါ့ရဲ့ ငယ်ရွယ်နုပျိုချိန်တွေကို နင်နဲ့အတူ ကုန်ဆုံးချင်ခဲ့ဖူးတယ်
ဒါပေမယ့် နင်ကတော့ ငါထင်သလိုဖြစ်မလာခဲ့ဘူး
နောက်ဆုံး......
တိုင်းပြည်အတွက် ငါစစ်ထွက်တဲ့အခါ၊ ငါ့ကိုအိမ်ဆက်ဆက်ပြန်ခဲ့ဖို့ နင်ပြောခဲ့တယ်
ဒါပေမယ့် ငါပြန်မလာနိုင်ခဲ့ဘူး၊



Posted by Tay Zar

0 comments:

Post a Comment

မေ့သွားမှာ စိုးလို့  မှတ်ထားတဲ့ link လေးတွေ...

image တွေ host တင်ဖို့..........
gift file လေးတွေ...

ဒီကမ္ဘာပေါ် မှာ သင်ဘယ်လောက်နေပြီးသွားပြီ ဆိုတာကိုသိချင်လား။။
http://www.geocities.com/devpragad/agecalc.htm

ရောမ ရောက်တော့ ရောမလိုကျင့်ပေါ့ စလုံး ရောက်တော့ စလုံးလို သိဖို့လိုပရင် ဒီမှာ The Coxford Singlish Dictionary link..
http://www.talkingcock.com/html/lexec.php?op=LexView&lexicon=lexicon&alpha=B&page=1


html...........http://oreilly.com/catalog/9780596002237/toc.html


အီးဘုတ်တွေ အီးဘုတ်တွေ http://b213.net/

သတိပေးတားမြစ်ခြင်း......

ငါးများအားအစားကျွေးရာတွင် အလွန်အကျွံမကျွေးမိစေရန် သတိပေးတားမြစ်အပ်ပါသည်.....အလွန်အကျွံအစာများကျွေးပါက ငါးများ၏ ကြီးထွားနှုန်းမြင့်မားလာ၍ ဘလော့ခ် ၌နေရာအခက်အခဲများပေါ်ပေါက်နိုင်သောကြောင့်ဖြစ်သည်၊

ပုံ၊ ငရဲမီး (ဘာညာသာလကာ)