အသက်ကယ် ပစ္စည်း သို့မဟုတ် ရှင်သန် ရုန်းကန် နိုင်ဖွယ်ရာ အရေးပေါ် အထောက်အကူ ပစ္စည်း ဖြစ်နိုင်ပါသတဲ့။
(၁) အရေးပေါ် အတွက်
keypad ကို locked လုပ်ထားရင်တောင် သင့် လက်ကိုင်ဖုန်းများဟာ 112 ဆိုတဲ့ နံပါတ်ကို နှိပ်လို့ ရတာ တွေ့ရ ပါလိမ့်မယ်။ အဲဒီနံပါတ်ဟာ ကမ္ဘာလုံးဆိုင်ရာ ၊ နိုင်ငံတကာ အရေးပေါ် ဖုန်းနံပါတ် ဖြစ်ပါတယ်။ သင်သာ လက်ကိုင်ဖုန်း ဆက်သွယ်နိုင်တဲ့ ဧရိယာထဲမှာ ရှိနေပါစေ၊ ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ သင့်လက်ကိုင်ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှု ကွန်ယက်ကို အလိုအလျောက် ရှာမှာ ဖြစ်ပါတယ်။ လက်ကိုင်ဖုန်းက ခလုတ်များကို ပိတ်ထားရင်တောင် ဒီနံပါတ်ကိုတော့ နှိပ်လို့ ရနေမှာ ဖြစ်ပါတယ်။ ယုံဘူးလား .. စမ်းကြည့်..
(၂) ကားထဲမှာ သော့တွေ ကျန်ခဲ့လား
သင့်ကားတံခါးမှာ အဝေးထိန်းစနစ် ရှိပါသလား။ တနေ့မှာ အဝေးထိန်း မဟုတ်ဘဲ လက်နဲ့ ဖွင့်ရမယ့် အနေ အထား ကြုံတတ်ပါတယ်။ ကားသော့ကို ကားထဲ ထည့်ခဲ့ပြီး အပိုသော့က အိမ်မှာ ကျန်ခဲ့ရင် လက်ကိုင်ဖုန်း တစ်လုံး ရှိရတာ ဒီလိုအခါ ကျတော့ ကောင်းလိုက်တာ။ အိမ်မှာ ကျန်ခဲ့တဲ့ လူရဲ့ လက်ကိုင်ဖုန်းကို သင့်လက်ကိုင်ဖုန်းကနေ ခေါ်ပါ။ တဖက်က ပြန်ထူးနေရင် သင့်လက်ကိုင်ဖုန်းကို ကားတံခါးကနေ ခြေတလှမ်းအကွာမှာ ထားပါ။ နောက်ပြီး အိမ်ကလူကို ကားသော့ဖွင့်တဲ့ ခလုတ်ကို လက်ကိုင်ဖုန်းနားကပ်ပြီး နှိပ်ခိုင်းပါ။ ဟဲဟဲ.. စမ်းကြည့်ရတာ စိတ်လှုပ်ရှားစရာ ပျော်စရာပဲ မဟုတ်လား။ ကျွန်မတို့ စမ်းကြည့်တာ အောင်မြင်တယ်ရှင့်။ အိမ်ကလူက လာပေးစရာ မလိုတော့ဘူးပေါ့။ အကွာအဝေးက အရေး မဟုတ်ပါဘူး။ သော့အပိုက မိုင်တရာ အကွာမှာ ရှိနေပါစေ ခုနက နည်းနဲ့ သင့်ကား တံခါးကို အလွယ်တကူ ဖွင့်နိုင်တာ သင့်လက်ကိုင်ဖုန်းကြောင့်ပါ။
(၃) ဖွက်ထားတဲ့ အပို ဘက္ထရီ
သင့်လက်ကိုင်ဖုန်း ဓာတ်အား သိပ်နည်းလာပြီဆိုပါစို့။ *3370# ကို နှိပ်လိုက်ပါ။ သင့် လက်ကိုင်ဖုန်းက အရေးပေါ်သုံး ချန်ထားတဲ့ ဓာတ်အား ကို ပြန်ဖွင့်ပေးပြီးနောက် သင့်လက်ကိုင်ဖုန်းက ဓာတ်အား ထက်ဝက် ကျန်သေးကြောင်း ပြပါလိမ့်မယ်။ နောက်တစ်ကြိမ် သင့်လက်ကိုင်ဖုန်းကို ဓာတ်အား ပြန်ဖြည့်တဲ့အခါမှာ သာမန်နဲ့ အရေးပေါ်သုံး နှစ်မျိုးလုံး အတွက် ဓာတ်အားကို ပြန်ဖြည့်ပါလိမ့်မယ်။ Safety first !!! ပါတဲ့။
(၄) အခိုးခံရတဲ့ လက်ကိုင်ဖုန်းကို သူတပါး သုံးလို့ မရတော့အောင် ဘယ်လို ဖျက်ဆီး ပစ်မလဲ။
သင့် လက်ကိုင်ဖုန်းရဲ့ နံပါတ်စဉ်ကို သိဖို့ *#06#ကို နှိပ်လိုက်ပါ။ ဂဏန်း ၁၅လုံး (ဆယ့်ငါးလုံး) ပေါ်လာပါ လိမ့်မယ်။ အဲဒီ ဂဏန်း ဆယ့်ငါးလုံးဟာ သင့်လက်ကိုင်ဖုန်း (handset) အတွက် သီးသန့်ပါ။ ဒီ ဂဏန်းတွေကို ချရေးပြီး လုံခြုံ စိတ်ချရတဲ့ တနေရာမှာ သိမ်းထားပါ။ သင့်ဖုန်း အခိုးခံရတဲ့ အခါမှာ သင်ဟာ ဖုန်း ကုမ္ပဏီကို ဖုန်းဆက်ပြီး ဂဏန်း ဆယ့်ငါးလုံးပါ ကုဒ်ကို ပြောပြ တိုင်တန်းလိုက်ပြီး သင့် လက်ကိုင်ဖုန်းကို ပိတ်ခိုင်း နိုင်ပါ တယ်။ တကယ်လို့ သူခိုးဟာ Sim Card ကို မထုတ်ရသေးမီ သင်သာ တိုင်တန်းနိုင်မယ် ဆိုရင် Sim card ကိုရော လက်ကိုင်ဖုန်းကိုပါ disable လုပ်နိုင်မှာ ဖြစ်လို့ သင့်ဖုန်းထဲက သင့်ဆက်သွယ်မှု ကွန်ယက် ထဲက သူတွေ စာရင်းနဲ့ ဖုန်းနံပါတ် များကိုလဲ သူတပါး သိခြင်းမှ ကာကွယ် နိုင်သလို သင့်အယောင် ဆောင်ပြီး သူတပါးကို သင့်ဖုန်း နံပါတ်နဲ့ ဆက်သွယ်ခြင်း ကိုပါ ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင် တိုင်တန်း တာ နောက်ကျလို့ သူခိုးက ပိုလျင်သူ ဖြစ်ခဲ့ရင်တော့ သင့် Simcard ကိုသာ disable လုပ်နိုင်မှာ ဖြစ်ပြီး သင် ဟာ ဖုန်းနံပါတ်များကို လက်ကိုင်ဖုန်း ထဲမှာ မှတ်သား တတ်သူ ဖြစ်ပါက သင့် ဆက်သွယ်မှု ကွန်ယက် ကိုတော့ သူခိုးက ကောင်းကောင်း သိနိုင်ပါတယ်။ ဒါပေမယ့် သင့်နံပါတ်နဲ့ သူတပါးကို ဖုန်းဆက်ခြင်းတော့ မပြုနိုင်တော့ ပါဘူး။ ဒါကြောင့် အရေးကြီး ဖုန်းနံပါတ်များကို Sim Card ထဲမှာသာ မှတ်သား ထားသင့် ပါတယ်။ ဒီလို ကာကွယ် ထားနိုင်ရင် လက်ကိုင်ဖုန်း ခိုးယူခြင်း ကြောင့် အကျိုး မဖြစ်ထွန်းတဲ့ အတွက် လက်ကိုင်ဖုန်း ခိုးယူမှုများ လျော့ပါး လာမယ်လို့ မျှော်လင့်ရပါတယ်။
လက်ကိုင်ဖုန်းတစ်လုံးကို ၀ယ်ထားရပြီး တန်အောင် အသုံးချနိုင်ကြပါစေ။
ရပ်ဝေး ရပ်နီးမှလာလည်ကြသူများ။
Message ထားခဲ့နော်....!
ည ရဲ့ လမင်း
-
▼
2009
(37)
-
▼
March
(19)
- ဟာသ အတိုများ..(၁၀)
- oိဇ္ဖာ ကာတွန်း များ
- ဆရာဝန်ရဲ့ နောက်ဆုံးစကား
- အေးချမ်းစွာရှင်သန်ခြင်း♥♥
- ငါ ပြန်မလာနိုင်ခဲ့ဘူး
- ဟာသ အတိုများ..(၈)
- ကောင်လေးက ကောင်မလေးကို ဓါးနဲ့ ထိုးလို ကောင်မလေးသေခဲ့ရ
- ဟာသ အတိုများ..(၇)
- ဟာသ အတိုများ..(၆)
- မေမေ ကဗျာများ
- ဟာသ အတိုများ..(၅)
- မြန်မာ စာအုပ်များ
- သင့်လက်ကိုင်ဖုန်း လုပ်နိုင်တဲ့ လူသိနည်းတဲ့နည်းလေးချက်
- ငှက်ပျောသီး၊ လှေကား၊ ရေခဲရေ၊ မျောက်များနှင့် ကျနော...
- အင်တာနက်ကို မုန်းတယ်...
- ဟာသ အတိုများ..(၄)
- ဟာသ အတိုများ..(၃)
- တရားတော်များ..
- ဟာသ အတိုများ..(၂)
-
▼
March
(19)
ကျနော်တို့ ရည်ရွယ်ထားသော...........
ကျနော်တို့ရဲ့ ဒီနေရာလေးကတော့ ......သူငယ်ချင်းတွေအတွက်
ဗဟုသုတ တခုအနေနဲ့ပေးစွမ်းနိုင်ဖို့ တခုတည်းနဲ့ တည်ဆောက်
ထားတဲ့ နေရာလေးပါ
(DeepCorner+ငရဲမီး)
ဗဟုသုတ တခုအနေနဲ့ပေးစွမ်းနိုင်ဖို့ တခုတည်းနဲ့ တည်ဆောက်
ထားတဲ့ နေရာလေးပါ
(DeepCorner+ငရဲမီး)
SG မှာ ပစ္စည်းပျောက်ခဲ့ရင်..
ပစ္စည်းပျောက် နှင့် ပြစ်မူဆိုင်ရာ အတွက် ရဲ ထောက်ခံစာယူဖို့ လိုလာခဲ့ရင်ပေါ့။
သူများတွေတော့မသိဘူး ကျွန်တော်ကတော့ ပိုက်ဆံအိပ် ခဏခဏ ကျပျောက်တက်လို့ မှတ်ထားတာ ရဲစခန်းသွားစရာမလိုတော့ဘူးပေါ့ .. police report
https://www.psi.gov.sg/NASApp/tmf/TMFServlet?app=ePC-GenOff-Report&version=v31&isNew=true&Reload=true&pagepass=LoginPage
သူများတွေတော့မသိဘူး ကျွန်တော်ကတော့ ပိုက်ဆံအိပ် ခဏခဏ ကျပျောက်တက်လို့ မှတ်ထားတာ ရဲစခန်းသွားစရာမလိုတော့ဘူးပေါ့ .. police report
https://www.psi.gov.sg/NASApp/tmf/TMFServlet?app=ePC-GenOff-Report&version=v31&isNew=true&Reload=true&pagepass=LoginPage
ရန်ကုန်မှာဆို ဒီ အချိန်ပေါ့..
"မနက်စောစော"
မီးတိုင်လေး မှိတ်တုတ် မှိတ်တုတ်နဲ့
မီးမှုတ်တဲ့ ပြောင်းသံ
ချောင်းသံနဲ့ရော....။
ထင်းစိုစို မီးမလိုက်တော့
ပန်းလှိုက်လို့မော....။
လယ်ဆင်းမယ့် သားမောင်
ယောင်လို့တောင်နေသေး...
ခမျာ ပန်းရှာထင့်
ကျန်းမာစေ အကျိုးတွက်ပေမို့
နှိုးခက်တယ်လေး....။
မီးအရှိန်ကောင်းလို့
ကောက်ညှင်းပေါင်း အငွေ့လှိုင်
လယ်ဆင်းသူ လူပျိုသိုးက
မနိုးတော့နိုင်....
လက်နှီးခု တကိုင်ကိုင်
မီးတိုင်လေး တမြောက်မြောက်....
ကြမ်းနင်းသံ ချွတ်ချွတ်ကြားတော့
သားက နောက်ရောက်....။
အငွေ့တထောင်းထောင်းနဲ့
ကောက်ညှင်ပေါင်း တစ်ဇလုံ၊
ဆီမပါ ဆားမပေါက်တဲ့
ငါးခြောက်တစ်ပုံ။
ဖအေတူ ပုဆိုးခြုံ
တအိုးကုန် အပြောင်ရှင်း....
သွားလေသူ ကောက်ညှင်းကြိုက်ကို
လွမ်းလိုက်လေခြင်း....။
မီးတိုင်က ဆီကုန်
အရုဏ်က လင်းလုလု....၊
သည်မီးဇာ ဘယ်ခါကျွမ်းမယ်
မှန်းမျက်ရည်ဥ.....။
(အမေသို့ . . . .)
မီးမှုတ်တဲ့ ပြောင်းသံ
ချောင်းသံနဲ့ရော....။
ထင်းစိုစို မီးမလိုက်တော့
ပန်းလှိုက်လို့မော....။
လယ်ဆင်းမယ့် သားမောင်
ယောင်လို့တောင်နေသေး...
ခမျာ ပန်းရှာထင့်
ကျန်းမာစေ အကျိုးတွက်ပေမို့
နှိုးခက်တယ်လေး....။
မီးအရှိန်ကောင်းလို့
ကောက်ညှင်းပေါင်း အငွေ့လှိုင်
လယ်ဆင်းသူ လူပျိုသိုးက
မနိုးတော့နိုင်....
လက်နှီးခု တကိုင်ကိုင်
မီးတိုင်လေး တမြောက်မြောက်....
ကြမ်းနင်းသံ ချွတ်ချွတ်ကြားတော့
သားက နောက်ရောက်....။
အငွေ့တထောင်းထောင်းနဲ့
ကောက်ညှင်ပေါင်း တစ်ဇလုံ၊
ဆီမပါ ဆားမပေါက်တဲ့
ငါးခြောက်တစ်ပုံ။
ဖအေတူ ပုဆိုးခြုံ
တအိုးကုန် အပြောင်ရှင်း....
သွားလေသူ ကောက်ညှင်းကြိုက်ကို
လွမ်းလိုက်လေခြင်း....။
မီးတိုင်က ဆီကုန်
အရုဏ်က လင်းလုလု....၊
သည်မီးဇာ ဘယ်ခါကျွမ်းမယ်
မှန်းမျက်ရည်ဥ.....။
(အမေသို့ . . . .)
သူငယ်ချင်းတွေ........
Blog Archive
5.3.09
သင့်လက်ကိုင်ဖုန်း လုပ်နိုင်တဲ့ လူသိနည်းတဲ့နည်းလေးချက်
Subscribe to:
Post Comments (Atom)
မေ့သွားမှာ စိုးလို့  မှတ်ထားတဲ့ link လေးတွေ...
image တွေ host တင်ဖို့..........
gift file လေးတွေ...
ဒီကမ္ဘာပေါ် မှာ သင်ဘယ်လောက်နေပြီးသွားပြီ ဆိုတာကိုသိချင်လား။။
http://www.geocities.com/devpragad/agecalc.htm
ရောမ ရောက်တော့ ရောမလိုကျင့်ပေါ့ စလုံး ရောက်တော့ စလုံးလို သိဖို့လိုပရင် ဒီမှာ The Coxford Singlish Dictionary link..
http://www.talkingcock.com/html/lexec.php?op=LexView&lexicon=lexicon&alpha=B&page=1
html...........http://oreilly.com/catalog/9780596002237/toc.html
အီးဘုတ်တွေ အီးဘုတ်တွေ http://b213.net/
gift file လေးတွေ...
ဒီကမ္ဘာပေါ် မှာ သင်ဘယ်လောက်နေပြီးသွားပြီ ဆိုတာကိုသိချင်လား။။
http://www.geocities.com/devpragad/agecalc.htm
ရောမ ရောက်တော့ ရောမလိုကျင့်ပေါ့ စလုံး ရောက်တော့ စလုံးလို သိဖို့လိုပရင် ဒီမှာ The Coxford Singlish Dictionary link..
http://www.talkingcock.com/html/lexec.php?op=LexView&lexicon=lexicon&alpha=B&page=1
html...........http://oreilly.com/catalog/9780596002237/toc.html
အီးဘုတ်တွေ အီးဘုတ်တွေ http://b213.net/
သတိပေးတားမြစ်ခြင်း......
ငါးများအားအစားကျွေးရာတွင် အလွန်အကျွံမကျွေးမိစေရန် သတိပေးတားမြစ်အပ်ပါသည်.....အလွန်အကျွံအစာများကျွေးပါက ငါးများ၏ ကြီးထွားနှုန်းမြင့်မားလာ၍ ဘလော့ခ် ၌နေရာအခက်အခဲများပေါ်ပေါက်နိုင်သောကြောင့်ဖြစ်သည်၊
ပုံ၊ ငရဲမီး (ဘာညာသာလကာ)
ပုံ၊ ငရဲမီး (ဘာညာသာလကာ)
0 comments:
Post a Comment