ဆောင်းပါးများ....

လူမှုရေး..စီးပွားရေး..ပညာရေးစတဲ့နယ်ပယ်အသီးသီးအတွက်စာပေလောကမှ ဆောင်းပါး၊ပညာပေး တို့ကိုသူငယ်ချင်းတွေဆီကို ဖြန့်ဝေပေးနိုင်အောင် ကြိုးစားထားတဲ့ နေရာလေးပါ......

25.2.10

ပုဂ္ဂိုလ်၊ နိုင်ငံတို့ ဒေ၀ါလီခံခြင်း

ပုဂ္ဂိုလ်၊ နိုင်ငံတို့ ဒေ၀ါလီခံခြင်း (Insolvency... Bankruptcy)
Written by ဦး ကြ ည် မြ င့် (လသာ)


လူတို့ အကြွေးမဆပ်နိုင်လျင် ပိုင်ဆိုင်ပစ္စည်းအားလုံး သိမ်း၊ အကြွေးနှင့်မလောက်ပါက နောင် ဘယ်သောအခါမှာ ငွေတစ်ပြားပင် လက်ထဲကိုင်ခွင့်မရှိစေရဟု ကြွေး မကျေသူ insolvent ..bankrupt (အရပ်-ဒေ၀ါလီ)အဖြစ် ကြေညာခံ ရသည်။ တိုင်းပြည်တစ်ခုဒေ၀ါလီခံ ပြီဟုဆိုလျင်ကား မည်သို့ရှိမည် နည်း။



အဖြေမှာ တိုင်းပြည်တစ်ခု ဒေ ၀ါလီခံစရာမရှိ။ ကြွေးအရပ်ရပ် မဆပ်နိုင်တော့ပါဟု ကြေညာခြင်း default မပြုမီနှင့်ပြုလိုက်သည်တွင် မြီရှင် တစ်နိုင်ငံချင်း၊ တစ်အုပ်စုချင်း၊ IMF အဖွဲ့ဝင်ဖြစ်လျင် ယင်းကို နာခံ ပါမည်ဟူသော ကြားဝင်ဖြန်ဖြေမှု binding or abitration (သို့) ကြားခံ third person နိုင်ငံများဖြင့်နာခံစရာ လို၊ မလိုဖြန်ဖြေမှုများရှိသည်။

သည်ဘက်ခေတ်တွင် အာဂျင် တီးနားနှင့် ရုရှားတို့ ၁၉၉၈-၉၉ ခန့် က ကြေညာဖူးသည်။ ကျွန်တော်တို့ ဆီမှ ပုဂ္ဂလိကများကြား ပြင်ပငွေ ကြေးဈေးကွက်တွင်ပင် ဤသို့ပြန် ဖြေခြင်း၊ငွေကောက်ခြင်း Actoring အလေ့များရှိနေရာ ဆန်းသောစီးပွား ရေး အပြုအမူကား မဟုတ်ပါ။


လုပ်ရင်းရှုံးတာလား-ညစ်တာလား

ယနေ့ပေါ်နေသောမေးခွန်းမှာ အမေရိကန်ဒေ၀ါလီခံမှာလားဟူ၍ ဖြစ်သည်။ ဒေ၀ါလီခံခြင်းသည် ဒေ ၀ါလီခံပြီးသည်နှင့် မပြီးပေ။ ပုဂ္ဂိုလ် အဖို့ ထောင်ကျပြီး လွတ်လာသည် နှင့် မပြီးရပေ။ ကုမ္ပဏီဥပဒေတွင် ဒါရိုက်တာ ရွေးချယ်ခံခွင့်မရှိဟုပါ တတ်သည်။ လက်ထဲတွင်ငွေတစ် ပြားမှမကိုင်ရဟူသော ရှေးကဥပဒေ ကို ပြင်ဆင်ပေးထားသောကြောင့် ဖြစ်သည်။ ပေးရန်တာဝန်ကန့်သတ် ခြင်းအပိုဒ်မပေါ်မီက ပိုဆိုးသလို၊ ထို့အရင် ပဒေသရာဇ်ခေတ်တွင် မယား၊ သား၊ သမီးပါ ထည့်ဆပ်ရ သည်။

နှစ်ရှည်ထောင်ကျရုံသာ ရှိ သော ၁၉၂၉-၃၈ ကမ္ဘာ့စီးပွားပျက် ကပ်ကြီးအတွင်းကပင် ကြွေးကြေ အောင် မဆပ်နိုင်သူတို့မိုးမျော်တိုက် ပေါ်မှ ခုန်ချမှုများရှိခဲ့သည်။ ယခု တော့ အခန်း (၁၁) Chapter eleven ဟူသော ဥပဒေအပိုဒ်အားဖြင့်အစိုးရ က ယာယီဝင်ရောက် ကွပ်ကဲရေး အဖွဲ့ ဖွဲ့ပေးခြင်း၊ ငွေကြေးထပ်ချေး ခြင်းတို့ဖြင့် ပြန်လည်နာလန်ထူခွင့်ရ ကြသည်။ မှန်မှန်ကန်ကန်လုပ်ရင်း ကအခြေအနေဆိုးထဲကျရောက်ခြင်း အတွက် သင့်တော်မှန်ကန်သည်။

၂၀၀၈ ငွေကြေးဈေးကွက်ပျက် စဉ်က ကုမ္ပဏီကြီးများ ဤနည်းဖြင့် ပြန်လည်ရှင်သန် လာကြသည်။ အလုပ်အကိုင်များ၊ အခွန်များ ပြန် လည်ပေးနိုင်လာကြသည်။ ကမ္ဘာ ကြီးနှင့် လူသားများ ပိုမိုယဉ်ကျေး လာကြသလို အရင်းရှင်တို့က သူတို့ သက်သာအောင် ဥပဒေများပြဋ္ဌာန်း လာနိုင်ခဲ့ကြသည်ဟုဆိုလျင်လည်း ပြောစရာမရှိပါ။

ဤတွင် မှန်မှန်ကန်ကန်လုပ် သူနှင့်ကိုယ်ကျိုးစီးပွားရှာသူ၊ ဒေ၀ါ လီခံခြင်းနှင့် ရာဇ၀တ်မှုကျူးလွန် ခြင်းကိုကား ခွဲခြားရသည်။ တစ် လောက ဘာနေမက်ဒေါ့ဖ်၊ ဂျက်ဖ ရေစကေးလင်း၊ ကွန်းရပ်ဘလက်တို့ နှင့် ၂၀၀၀ ၀န်းကျင်က GM ဥက္ကဋ္ဌ ကြီး ဂျက်ဝဲလ်ခ်ျ၊Revlon မှ ရွန်ပါ ရာလ်မန်စသူတို့မှာ ငွေကြေးအလွဲ သုံးစားသူများဖြစ်သည်။ စာရင်းပေါ် သမျ ဆပ်ရန်လိုပြီး စာရင်းပေါ်သမျ တရားရုံးကသိမ်းယူမည်ဖြစ်သည်။ မလောက်လျင် လူမွဲစာရင်းသွင်းခံရ မည်ဖြစ်သော်လည်း လက်တွေ့၌ တိုင်ကြားခြင်း၊ လူဆိုးထိန်း (serve-llanceဆားပုလင်း)က လိုက်ခြင်း ကား ၁၉ ရာစုတွင်ကျန်ခဲ့ပါပြီ။

နိုင်ငံကြီးများ၏ ဒေ၀ါလီခံရမည့်အနေအထား

အမေရိကန်သည် ကမ္ဘာ့အကြီး ဆုံးစီးပွားရေးနိုင်ငံကြီးဖြစ်သည်။ သူ က ကမ္ဘာကိုဦးဆောင်နေသည်။ သူ့ ကိုမပြောနှင့် ဂျပန်၊ ဗြိတိန်လောက် ကိုပင်ကြွေးဘယ်လောက်ရှိရှိ ဒေ၀ါ လီခံရတော့မယ်ဟုသွားပြောရဲစရာမ ရှိသေး။

သို့သော် သူတို့တကယ်ပင် ဒေ၀ါလီခံရတော့မည့်အနေအထား ကားရောက်နေပါသည်။ ယင်းကို ဒေ၀ါလီဆိုက်မည့်အမြွှာအနေအထား အတငညျငအကအေငသညျ ဟုခေါ်သည်။ ငွေ ချေးသူများကဆက်ချေးရေးနှင့် သူ တို့က ကျေနပ်လောက်အောင် ပြန် ဆပ်နိုင်ရေးတို့ဖြစ်သည်။ ယခုငွေ ချေးသူတို့က ဆက်မချေးချင်၊ သူတို့ ကလည်းကောင်းစွာပြန်မဆပ်နိုင်ဘဲ အကြွေးသာတိုးပွားလျက်ရှိနေသည်။

ယခုအခါ ဒေါ်လာကို အမေရိ ကန်တို့ ကိုယ်တိုင်အပါအ၀င် အယုံ အကြည် လျော့လာသည်။ ယန်း၊ ယူရို၊ ရွှေ၊ ရေနံတို့နှင့်အမြန်လဲပစ်နေ ကြသည်။ ငွေကြေးဈေးကွက်တွင် ရင်းနှီးမြှုပ်နှံသူတို့က အမေရိကန် ကုမ္ပဏီစတော့ ဘွန်းနှင့် အစိုးရဘွန်း များကို ရောင်းထုတ်ပစ်စရာရှိလာ သည်။

ယင်းကို လူတို့ပြောနေကြ သည်မှာပင် ဆယ်စုနှစ်တစ်ခုကျော် လာခဲ့ပြီ။ အမေရိကန်၏နိုင်ငံရေး တည်ငြိမ်မှု၊ သတင်းပွင့်လင်းမှု၊ ဥစ္စာဓနကြီးမှု၊ ငွေကြေးဖောင်းပွမှု နှုန်းနည်းမှုတို့ကြောင့်ဖြည်းဖြည်းချင်း စနစ်တကျ သမိနမူပ ငွေကြေးတန်ဖိုး ကျဆင်းကိုတွေ့နေရခြင်းဖြစ်သည်။

ဂျပန်မူဝါဒဒေ၀ါလီခံရစရာမရှိ

ဂျပန်၏ ၂၀၀၉ ဘတ်ဂျက်လို ငွေသည် တိုင်းပြည်ထုတ်ကုန်ဂျီဒီပီ ၏ ၁၀ ရာခိုင်နှုန်းရှိပြီး ယခင်ဆယ်စု နှစ်ကျော်က လိုငွေများနှင့်ပေါင်း လျင် ဂျီဒီပီ၏ နှစ်ဆရှိနေသည်။ ထိုသို့ဆိုလျင် ဘတ်ဂျက်လိုငွေနှစ် ၂၀ မျကြာခဲ့ပြီး စီးပွားရေးတိုးနှုန်း ဤအတွင်းနှေးကွေးကြောင်းပြလျက် ၂၀၁၉ ဆိုလျင် တိုင်းပြည်ကြွေးမြီ မှာ ဂျီဒီပီ၏ ၃၀၀ ရာခိုင်နှုန်းရှိမည့် သဘောဖြစ်သည်။

သို့သော် ဂျပန်နိုင်ငံသားမိသား စုများ၊ ဘဏ်များ၊ အာမခံလုပ်ငန်း များ၊ စတော့ ရေးသားရောင်းဝယ် သော ငွေကြေးလုပ်ငန်းများဟူသည့် ရင်းနှီးမြှုပ်နှံသူများက တိုင်းပြည် ကြွေးမြီ၏ ၉၄ ရာခိုင်နှုန်းကို လက်ခံ ပေးလျော်သိမ်းဆည်းပေးခဲ့သည်။ absorbing ဟုခေါ်သည်။ ဤသို့ဖြင့် ဂျပန်အစိုးရချေး ငွေစာချုပ် JGB အတိုးနှုန်းများ ၁၉၉၀ က ၇ ဒသမ ၁ ရာခိုင်နှုန်းမှ ယခု ၁ ဒသမ ၄ သာကျန်ရှိစေတော့ သည်။

ဂျပန်တွင် ပုဂ္ဂလိကစုဆောင်းမှု ကြီးသည်။ ကုန်ဈေးနှုန်းအနည်း ငယ်နိမ့်ကျ၊ နိမ့်ဆင်းမှု deflation ရှိနေသည်။ ယင်းနှစ်ခုကအတိုးနှုန်း နည်းနည်းရလည်ွးြဲ တို့ကိုဝယ် သိမ်းပေးနိုင်စေသည်။

တစ်ကမ္ဘာလုံးတွင် ငွေကြေး ဖောင်းပွမှုစီးပွားရေးကောင်းမည်ဟူ သော inflation/stimulation led growth ကို ကျင့်သုံးချိန်တွင် ဂျပန် က ပြောင်းပြန်ကျင့်သုံးထားသည်။ အမေရိကန်တွင် ဤသို့ယုံ ကြည်နိုင်သော အခြေအနေမရှိ (သို့) ငွေကြေးဖောင်းပွမှု ဦးဆောင်စီးပွား ရေးတိုးတက်မှုစနစ်မရှိဘဲ ဖြစ်နေပါ သည်။

ဂျပန်မှတစ်ပါး အမေရိကန်နှင့် ကျန်ကမ္ဘာ့နိုင်ငံအများစုတွင် ဤပြ ဿနာရှိနေသည်။ အကြွေးသည်အ နေမြင့်ဆုံးထက် ထပ်မံမြင့်တက်လာ နေသည့် အမေရိကန်တွင် အိုဘား မားအစိုးရက ကြွေးနှင့်ဂျီဒီပီအချိုးကို ၂၀၀၈ တွင် ၄၁ ရာခိုင်နှုန်းမှ ၂၀၀၉ တွင် ၈၂ ရာခိုင်နှုန်းသို့ ရောက်စေ လျက်ရှိကြောင်းကွန်ဂရက်ကထောက် ပြထားသည်။ ယင်းကြွေးအတွက် နှစ်စဉ်အတိုးသည် လာမည့်နှစ် အတွင်း ၁၇၀ ဘီလျံဒေါ်လာမှ ၇၉၉ ဘီလျံဒေါ်လာသို့ တိုးသွားစရာရှိ သည်။

ဘတ်ဂျက်ကြွေးသည် အခွန်ရ ငွေနှင့်အစိုးရအသုံးစရိတ်ခြားနားချက် လိုငွေဖြစ်သည်။ယင်းကိုပျောက်အောင် အခွန် တိုးပြီး အသုံးစရိတ် လျော့ချမည်ဆို လျင် စီးပွားရေးတိုး နှုန်းလျော့ကျဦး မည်။ လူကြိုက်နည်းကြမည်။ အခွန် ရငွေ လျော့မည်။ ဘတ်ဂျက်လိုငွေ ဆက်ရှိနေဦးမည်။

ဂျပန်အတွက် လက်ရှိရောင်း ခွန် sales tax တွင် ၅ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းသို့ တိုးရန်နှင့်အစိုးရ အသုံးစရိတ်ကိုလည်း လျော့ချနိုင် သောအခြေအနေက ရှိနေသည်။ ကျန်နိုင်ငံများအဖို့ကား ထို အခြေအနေများ သုံးစွဲပေးမှုကုန်ဆုံး သည့်အဆင့်ရောက်နေကြပြီ။ ဆပ် ရန်ကြွေးအားလုံး (သို့) တစ်စိတ် တစ်ဒေသကိုမဆပ်နိုင်တော့ကြောင်း ကြေညာခြင်းက နောက်ဆက်တွဲ ဆွေးနွေးပွဲများတွင် ကြွေးပမာဏနှင့် အတိုးပမာဏကို ဘယ်လောက်မှ မကျန်အောင် လျော့ချနိုင်မည်ဖြစ်၍ များစွာအခွင့်သာနေသည်။

ဒေ၀ါလီခံရုံနှင့် မပြီးခြင်း

စောစောကပြောသလို ဒေ၀ါ လီခံခြင်းသည် ဒေ၀ါလီခံပြီးရုံနှင့် မပြီးသော ပြဿနာရှိခြင်းကြောင့် သာ ပုဂ္ဂိုလ်၊ နိုင်ငံတို့ကို လွယ်လွယ် နှင့် ကြွေးမဆပ်နိုင်တော့ပါဟူ၍ သိက္ခာအကျခံကြေညာခြင်းမပြုစေ ဘဲရှိနေပါသည်။
ထိုသို့မဟုတ်လျင် သိက္ခာဆို တာဘာလဲ။ ငွေနဲ့လဲလိုက် မည်ဟူ သော အပေါစားပြက်လုံးသည် တကယ့်မက်လုံးtrue incentiveဖြစ် လာစရာရှိသည်။
ကြွေးမကျေသော ပုဂ္ဂိုလ်ကို မယုံကြည်၊ မဆက်ဆံခြင်းသည် ထောင်ကျခံပြီးမှ မိမိကိုယ်ကို အဆုံး စီရင်သွားစေသောကိစ္စရပ်များဖြစ်ပေါ် စေပါသည်။ သူ့ကိုသနားလျင် စား စရာပေးမည်။ သုံးစရာတစ်ခါ နှစ်ခါ ပေးမည်။ အလုပ်တွင် လက်တွဲမည် မဟုတ်။ ငွေပါလာလျင် ဥပဒေက ခေါ်ယူမေးမြန်း ရှာဖွေစစ်ဆေးပြီး ပြန်သိမ်းခံရစရာရှိသည်။
သားပိုက်ဆံပါ။ ညီမပိုက်ဆံပါ ဟု လုပ်နိုင်လျင်ပင် လက်ဆောင်ခွန် အလုံးအခဲခွန် gift trarsfer tax စသည်တို့အရ ထက်ဝက်မှ ၉၀ ရာ ခိုင်နှုန်းအထိ နိုင်ငံအလိုက်ဆောင် ရမည်။
ကြွေးမကျေဘဲ အနည်းအများ လျော်ပစ်ရသောနိုင်ငံသည် chapo-ter 11 ကဲ့သို့ ပြည်တွင်းပြည်ပမှ အ ထောက်အပံ့ဆက်မရသဖြင့် စီးပွား ရေးအကျကြီး (သို့) ငွေကြေးဖောင်း ပွမှုကြီး (သို့) နှစ်ခုလုံးကြားတွင် ဆက်လက်နစ်မွန်းနေရမြဲဖြစ်သည်။ နိုင်ငံတစ်ခု ကြွေးမဆပ်နိုင်တော့ပါ ဟု ကြေညာခြင်းသည် ညစ်ခြင်း မဟုတ်ပေ။

တကယ် မဆပ်နိုင် သော ကြောင့် ရှေ့မျက်နှာနောက်ထားပြီး ကြေညာရခြင်းဖြစ်သည်။ ထိုသို့ မဟုတ်ဘဲ ကြွေးညှိနှိုင်းမှု debt concession အပေါ်စီးရရန် ခပ်ညစ်ညစ် ပုံစံဖြင့် ကြေညာသည့်တိုင်အောင် အတိုင်းအတာပမာဏ၊ ကာလတစ်ခု ချင်းကိုကား မြီရှင်ထံ သဘောတူရ သည်။
ပြောရလျင် ပေးစရာငွေမရှိ ဆိုရုံနှင့် မပြီးဘဲပြေးစရာလည်း မြေ မရှိသည်ကို သိထားပြီး ပြန်ကိုလှည့် လာရသည့်သဘောမှာ ဤကမ္ဘာ ကျဉ်းကျဉ်းကလေးတွင်ရှိနေပါသည်။
နိဂုံးချုပ်အားဖြင့် ကမ္ဘာပေါ် တွင် ဒေ၀ါလီခံသောနိုင်ငံဟူ၍မရှိဟု ပင်ဆိုရပါမည်။

CRAYS မှာ ကူယူမျှဝေပါသည်။
...............





ဆက်လက်ဖတ်ရှူရန်...

Posted by Tay Zar

23.2.10

ဆဌမသင်္ဂါယနာတင် အမေးအဖြေများ

ဗုဒ္ဓသာသနာထွန်းကားဆုံးဖြစ်သော မြန်မာနိုင်ငံသည် သူ့ ကျွန်ဘ၀ နှစ်(၁၀၀)ခန့် ကြာမြင့်ခဲ့ပြီး သာသနာတော် လွန်စွာညှိုးနွမ်းလာခဲ့သည်။ ကျွန်ဘ၀မှ လွတ်မြောက်လာသည်နှင့်

သာသနာနှစ်(၂၄၉၈)နှစ်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့  ကမ္ဘာအေးကုန်းမြေ
မဟာပါသာဏလိုဏ်ဂူတွင် ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ပြီး သာသနာတော်ကို
စောင့်ရှောက်ခဲ့ရသည်။

ညောင်ရမ်းဆရာတော် ၊ မဟာစည်ဆရာတော်နှင့် မင်းကွန်းဆရာတော်များ ဦးဆောင်သော ရဟန်း(၂၅၀၀)တွင် ထေရ၀ါဒနိုင်ငံများ ဖြစ်သော မြန်မာ၊ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား ၊ သီရိလင်္ကာ
နိုင်ငံ(၅)နိုင်ငံမှ ရဟန်းများပါဝင်သော သံဃာထု၊ ဖဆပလ ဦးနုအစိုးရ
ဦးဆောင်သော မင်းထုနှင့် သာသနာဝင်များ ပြည်သူလူထုစသော ထု(၃)ထု
ပူးပေါင်းဆောင်ရွက်ပြီး ယခင်ပိဋကတ်တော်များကို ကျောက်ပြားပေါ်မှာ ဖတ်နေရာမှ
အလွယ်တကူဖတ်မှတ် လေ့လာနိုင်ရန် ပိဋကတ်တော်များကို စာအုပ်များပေါ်တွင်
ကူးပြောင်းရိုက်နှိပ်ပြီး ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ပြီး သာသနာတော်ကို
စောင့်ရှောက်ခဲ့ကြသည်။

ယခုအချိန်တွင် ဗုဒ္ဓသာသနာတော် ပိဋကတ်(၃)ပုံစလုံးသည် စာအုပ်များပေါ်တွင် ရောက်ရှိလာပြီဖြစ်သဖြင့် မည်သည့်ပုဂ္ဂိုလ်မဆို နေရာမရွေး အချိန်မရွေး အလွယ်တကူဖတ်မှတ်
လေ့လာနိုင်လာပြီး သာသနာတော် သန့် ရှင်းတည်တံ့ ပြန့် ပွားရေးအတွက်လည်း
အထူးအရေးပါလှပေသည်။

ဆဌမသင်္ဂါယနာတင်ပွဲကြီးတွင် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော် ဘုရားကြီးနှင့် မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီးတို့ မေးမြန်းဖြေကြားတော်မူသော ဆဌမသင်္ဂါယနာတင် အမေးအဖြေများကို
အထူးစုစည်းကာတင်ဆက်ထားပါသည်။

၁. စူဠကမ္မ၀ိဘင်္ဂသုတ္တန်
၂. ရှင်သာမဏေကျော် လေးပါးတရား
၃. မယ်ယှက၀တ္ထု
၎. သုဝဏ္ဏမိဂ ရွှေသမင်ဝတ္ထု
၅. ကံဏှဒီပ၀တ္ထု
၆. နကုလပီသုသုတ် / ယမတသုတ်
၇. တေသတုဏဇာတ် (ပထမပိုင်း)
၈. တေသတုဏဇာတ် (ဒုတိယပိုင်း)
၉. စူဠသုဘဒ္ဒါ-ရဟန်းငါးပါး စောရ၀တ္ထု
၁၀. ရေ၀တသာမဏေတရား
၁၁. ကုဏ္ဍကကုစ္ဆိသိန္ဓ၀သုတ်
၁၂. ပါရရာသိသုတ်
၁၃. ဥဒယသုတ်မှ ကတိဘာရဒွါဇသုတ်
၁၄. အာဇိဝက-ဥပါလီ
၁၅. မဟာသတိပဋ္ဌာနမှ ခန္ဒုပမသုတ်
၁၆. မူလပရိယာယ၀တ္ထု
၁၇. ရာဓမထေရ် အဿဇိပုနဗ္ဗသုတ ရဟန်းငါးရာ လက္ခဏာရေးသုံးပါး
၁၈. စေတိယဇာတ်
၁၉. ကန္ဒရကသုတ် / ပေါတတိယသုတ်
၂၀. ပုပ္ပသုတ်မှ ဂီလာနသုတ်
၂၁. မရဒွါဇသုတ်
၂၂. ကောသမ္ဘီပါသီတိဿ သာမဏေပဉ္စဥပါသကာဝတ္ထု
၂၃. မိလက္ခသုတ်မှ မရဏသတိသုတ်
၂၄. ၀ိသာခါဏ ပါသိကာဝတ္ထု
၂၅. မိဠတသုတ်တော်- အဠိကသုတ်
၂၆. ကုလမကသုတ် / သဒ္ဓမ္မပဋိရူပကသုတ်
၂၇. စူဠတဏှာ သင်္ခယသုတ / မာရကစ္စဏီသသုတ်
၂၈. ကကစူပမသုတ် / နိဝါပသုတ်
၂၉. ခေါမဒုတသုတ်
၃၀. အဗျာကတသုတ်
၃၁. ၀ဂ္ဂိလသုတ်
၃၂. သုမနသုတ္တန်
၃၃. မလ္လိကာဝိမုတ္တိ ရတနာ့သုတ်
၃၄. အနိစ္စသုတ်မှ သမ္မာဒိဋ္ဌိသုတ်
၃၅. မဟာသိဟနခံသုတ်
၃၆. မဟာပဒါနသုတ် / မဟာပရိနိဗ္ဗာနသုတ်
၃၇. မဟာသိဂီတိသုတ်
၃၈. မဘရကုမာရသုတ်
၃၉. ဂါရ၀သုတ် / ဘာရဒွါဇသုတ်
၄၀. ခန္ဓာယမိုက်သုတ်
၄၁. ပိဏ္ဍသုတ်
၄၂. ဒုတိယပတ္တသုတ် / ဒီဂါရသုတ်
၄၃. ဗာလာပဏ္ဍိတသုတ် / ဒါရုက္ခန္ဓောပမသုတ်
၄၄. ဓါတုဝိဘင်္ဂသုတ်
၄၅. အာဠာဝကသုတ် / သုပ္ပဗုဒ္ဓသုတ်
၄၆. အမ္ဗဋသုတ်မှ ရာဟုလာသံယုတ်သုတ်
၄၇. ယမကသုတ် / မဟာစုန္ဒသုတ်
၄၈. ဓမ္မသင်္ဂဏီသုတ်
၄၉. ဘိက္ခုနီဝိဘင်း
၅၀. မဟာသတိပဋ္ဌာနသုတ် / ပါရာသိရာဇသုတ်
၅၁. အတ္တိပဒေါပမသုတ် / ဒါရုက္ခန္ဓောပမသုတ်
၅၂. စူဠသစ္စကသုတ် / မဟာသစ္စကသုတ်
၅၃. စကီသုတ်
၅၄. ယမိုက်ပါဠိတော်
၅၅. မဟာပရိနိဗ္ဗာနသုတ် / မဟာပဒေသလေးပါး
၅၆. မဟာဓမ္မပါလဇာတ်
၅၇. သောနကဇာတ် (ပထမပိုင်း)
၅၈. သောနကဇာတ် (ဒုတိယပိုင်း)
၅၉. မဟာသီဟနာဒသုတ်
၆၀. အာနန္ဒသေဠိ / ပဉ္စဥပဿတာဝတ္ထု- လယ်သမားဝတ္ထု
၆၁. ၀ိသာခါဝတ္ထု သမ္မဟုသိလာဒိဘိက္ခု ၀တ္ထုများ
၆၂. ကုလူပကသဒ္ဓမ္မ ပဋိရူပကသုတ်
၆၃. မဟာသီဟနာဒသုတ် / တတိယဘဒ္ဒိယသုတ် (မလ္လိကာဒေ၀ီ ပရိတ်များ)
၆၄. ရဟန်းငါးရာ ၀တ္ထု / ပတိပူဇိကာဝတ္ထု- ထင်းခုတ်သမားဝတ္ထု
၆၅. ဓမ္မဿဝန၀တ္ထု / တိဿသာမဏေပဉ္စဥပဿကာဝတ္ထု
၆၆. ဒုက္ကဋ်အာပါတ်ဝိနည်း (ဆံပင်)
၆၇. နိသိဂ္ဂိဝိနည်းတော်
၆၈. ယမကသုတ် / ရှင်နာဂီယသုတ် / ဣနသုတ် / မဟာစုန္ဒသုတ် / ဖော်သဠိယသုတ် /...
၆၉. ခေါမဒုဿသုတ် / ၀ဂီသုတ်(အကျဉ်း) / အနန္ဒသုတ် / ဣန္ဓကသုတ် ပရိတ်များ
၇၀. ဧကပုတ္တသုတ္တန် / ဧကသီသုသုတ် / ရာဟုလာသုတ် / အတ္တိသုတ် / ကုဠူပကသုတ် ...
၇၁. ပါတရာသိ(၀ါ) အရိယာပရိယသန စူဠအတ္တိကသောပမာသုတ္တန်
၇၂. တတိယ ဩ၀ါဒသုတ် / ဘဒ္ဒမပတိရူပကသုတ် / မောလိင်္ကာ ဖဂ္ဂုဏရဟန်း အနုဂတူပဟသုတ်
၇၃. ၀က်မလေးဝတ္ထုနှင့် အညတရပုရိသ ၀တ္ထု
၇၄. နကုလပီတုသုတ် / အနိစ္စလက္ခဏသုတ် / အာနိသုတ် / န၀သုတ် မိဠကသုတ် ပရိတ်...
၇၅. ရဠ၀ီနိတ္တသုတ် / နိဝါပသုတ် / ဂန္ဒရထပုဂ္ဂလစတုတ္တုသုတ် / အဋ္ဌကနဂရသေက္ခသုတ...



Ref: http://forverfriends.ning.com

ဆက်လက်ဖတ်ရှူရန်...

Posted by Tay Zar

မေ့သွားမှာ စိုးလို့  မှတ်ထားတဲ့ link လေးတွေ...

image တွေ host တင်ဖို့..........
gift file လေးတွေ...

ဒီကမ္ဘာပေါ် မှာ သင်ဘယ်လောက်နေပြီးသွားပြီ ဆိုတာကိုသိချင်လား။။
http://www.geocities.com/devpragad/agecalc.htm

ရောမ ရောက်တော့ ရောမလိုကျင့်ပေါ့ စလုံး ရောက်တော့ စလုံးလို သိဖို့လိုပရင် ဒီမှာ The Coxford Singlish Dictionary link..
http://www.talkingcock.com/html/lexec.php?op=LexView&lexicon=lexicon&alpha=B&page=1


html...........http://oreilly.com/catalog/9780596002237/toc.html


အီးဘုတ်တွေ အီးဘုတ်တွေ http://b213.net/

သတိပေးတားမြစ်ခြင်း......

ငါးများအားအစားကျွေးရာတွင် အလွန်အကျွံမကျွေးမိစေရန် သတိပေးတားမြစ်အပ်ပါသည်.....အလွန်အကျွံအစာများကျွေးပါက ငါးများ၏ ကြီးထွားနှုန်းမြင့်မားလာ၍ ဘလော့ခ် ၌နေရာအခက်အခဲများပေါ်ပေါက်နိုင်သောကြောင့်ဖြစ်သည်၊

ပုံ၊ ငရဲမီး (ဘာညာသာလကာ)